VCSCall us on:+95 (0) 9257 755 558

LOGIN | REGISTER

VCSVCS

The most common interview mistakes and the solutions

  • March 13, 2017
  • 3
  • 1298

Author: Htet Htet Wai Aung - Account Manager VCS

 အင်တာဗျူးတွင်မှားလေ့ရှိသော အမှားများနှင့် ဆောင်ရန်ရှောင်ရန် များ

(အပိုင်း ၁)

၁။ အင် တာဗျူးတွင်စိတ်ဝင်စားမှုမပြခြင်း

ဒါဟာအတော်လေးဆိုးပါတယ်၊၊ အလုပ်ရှင်အများစုဟာ လိုအပ်တဲ့ နေရာ ရာထူးအတွက် အမြဲ လိုလို လူများစွာကို စိစစ်ရွေးချယ်ကြတာပါ၊၊ သင့်ဘက်ကစိတ်အားထက်သန်မှု မပြရင် သူတို့ဘက်ကလည်း ရွေးချယ်ဖို့ စိတ်ဝင်စားမှုလျော့နည်းသွားပါလိမ့်မယ်၊၊

ဒီအတွက်လုပ်ရမှာကတော့ အင်တာဗျူး ကို သွားတဲ့အခါ အကောင်းဆုံး စမတ်ကျကျဝတ်ဆင်ပါ၊၊ လက်ကိုင်ဖုန်းကို အသံပိတ်ထားသင့်ပါတယ်၊၊ မေးခွန်းတွေပြန်မေးသင့်ပါတယ်၊၊ မေးခွန်းမေးခြင်းဟာသင်သေချာစိတ်ဝင်တစားရှိကြောင်းသေချာစေပါတယ်၊၊ ဖြေရလွယ်လွန်းသောမေးခွန်းများကိုတော့ ဒီနေရာမှာ မမေးမိဖို့သတိချပ်စေချင်ပါတယ်၊၊

၂။ ပြင်ဆင်မှုမရှိခြင်း

ဘယ်အရာမဆြိုပင်ဆင်မထားရင်သင် နောက်တစ်လှမ်းမကနောက်ကျမှာ အမှန်ပါပဲ၊၊ ပြင်ဆင်မှုများ ကိုအောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်၊၊

(Job Description) ထမ်းဆောင်ရမည့်တာဝန်နှင့်လိုအပ်ချက်များကို သေချာစွာလေ့လာပါ၊၊ လိုအပ်လျှင်မှတ်မိနိုင်အောင် ချရေးသင့်ပါတယ်၊၊

မိမိတွေ့ ဆုံမည့် ကုမ္ပဏီ၏ website ကိုလက်လှမ်းမီသမျှလေ့လာပါ၊၊ ကုမ္ပဏီ ၏ mission/vision နှင့် target/goal များအကြောင်း သတင်းရယူ၍ သေချာစွာ မှတ်သားထားပါ၊၊ မိမိအားအင်တာဗျူးမည့်သူအားသိခဲ့လျှင် LinkedIn Profile မှတဆင့် သု၏ အလုပ် ရာဇဝင်အကြောင်းကိုသိနိုင်ပါသေးတယ်၊၊ ဒီအချက်ဟာ လည်း အင်တာဗျူးမှာမှမဟုတ်ပဲ တွေ့ဆုံပွဲတွေ အစည်းအဝေးတွေမှာပါ အတော်လေး အထောက်အကူပြုစေမှာပါ၊၊ (ဒီအကြောင်းကို သပ်သပ်ထပ်ရေးပေးမယ်နော်)

နောက်ထပ်ပြင်ဆင်စရာတစ်ခုကတော့ ချိန်းထားတဲ့ဆီကို ၁၅ မိနစ်ခန့်စောသွားသင့်ခြင်းပါ၊၊ တစ်ဖက်သားကို အလေးထားရာရောက်ပြီး ပတ်ဝန်းကျင်ကိုလည်းလေ့လာစေမိမှာပါ၊၊ ဒါဟာနောက်ပိုင်းသင်နေ့စဉ် အလုပ်လုပ်ရမယ့်နေရာဖြစ်နေလို့ပါပဲ၊၊

၃။ စိတ်တိုလွယ်ခြင်း

စိတ်တိုလွယ်တဲ့သူတွေနဲ့ဘယ်သူမှ အလုပ်လုပ်ချင်မှာမဟုတ်ပါဘူး၊၊ ဒါပေမဲ့တခါတရံ အကြောင်းကြောင်းကြောင့်စိတ်တိုစရာ တွေကြုံရတတ်ပါတယ်၊၊ အင်တာဗျူးသွားခါနီး ကလေးတွေကြောင့် အမျိုးသားကြောင့် အမျိုးသမီးကြောင့် လက်ရှိရုံးက ကိစ္စတွေကြောင့် စိတ်အနှာင့်အယှက်ဖြစ်နေခဲ့ရင် စိတ် ကို အတည်ငြိမ်ဆုံးထားပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်ပါ၊၊ ယုံကြည်ချက်ထားပြီး အကောင်းဆုံးအနေအထားရောက်အောင် မိမိရဲ့လုပ်နိုင်စွမ်းတွေကိုမြှင့်တင်လိုက်ပါ၊၊ ပြုံးဖို့လည်းမမေ့နဲ့နော်။

၎။ မလိုအပ်သောအကြောင်းများ ဝေမျှခြင်း

အကောင်းဆုံးဥပမာအနေနဲ့ လက်ရှိအလုပ်က ဘာ့ကြောင့်ထွက်ချင်တဲ့ အကြောင်းကို မေးတဲ့အခါ အထက်လူကြီးအကြောင်း လုပ်ဖော်ကိုင်ဖက်တွေအကြောင်း အဆင်မပြေမှုတွေအကြောင်းတောက်လျှောက်ပြောနေခြင်းဟာ သင့်ကို အမှတ်လျှော့စေမှာပါ၊၊ လူကြီးဆန်ဆန် အကျိုးအကြောင်းသင့်တင့်စွာဖြေဆိုရုံဖြင့်လုံလောက်ပါတယ်၊၊

စကားတွေအများကြီးပြောရင်းလိုရင်းမရောက်ပဲ ဖြစ်သွားတတ်လို့ပါ၊၊

၅။ ကိုယ်ဟန်အမူအရာ အဆင်မပြေခြင်း

ရှက်ရွံ့နေတတ်ခြင်း စိတ်အလွန်အမင်းလှုပ်ရှားနေခြင်း မျက်နှာထားတည်သွားခြင်း တွေဟာ အတော်လေး အဖြစ်များကြတဲ့ အမှားကလေးတွေပဲဖြစ်ပါတယ်၊၊ အဲဒီအတွက် လုပ်ရမှာကတော့ ပြုံးပါ၊၊အသံ သာသာဖြင့် နှုတ်ဆက်လိုက်ပါ၊ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲ နှုတ်ဆက်ခြင်းဖြင့်လည်း စိတ်လှုပ်ရှားမှုကို အတော်အတန် လျော့ကျစေနိုင်ပါတယ်၊၊

Leave a Comment

1 thought on “The most common interview mistakes and the solutions”

Very good to read.

Posted By LWIN MAUNG MAUNG March 17, 2017 at 06:13am | Reply

Leave a Reply

Your email address will not be published. Required fields are marked *

Notify me of followup comments via e-mail

Real Time Analytics